Spam များဝင်နေသည်။  

ရေးသူကတော့ ဂျစ်ပဆီလေး

အားလုံးသော Visitors များခင်ဗျား

ကျွန်တော် ဘလော့မှာ စပမ်များ ၀င်နေပါသည်။ ကျွန်တော် ဘလော့ဂါ ဒေါ့ကွန်းသို့ ၀င်လို့မရသေးပါသောကြောင့် တစ်ချို့သော ပိုစ့်များ အား ကျော်ဖတ်ပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်
ဂျစ်ပဆီလေး

My aunt is in emergency  

ရေးသူကတော့ ဂျစ်ပဆီလေး

I pray for the god to leave my aunt peacefully.

Ubuntu Show @ BAK  

ရေးသူကတော့ ဂျစ်ပဆီလေး

Linux OS,

Ubuntu Distro 

Linux ဆိုတာဘာလဲ။ Ubuntu ဆိုတာဘာလဲ။ Linux နဲ့ Ubuntu ရဲ့ သမိုင်းကြောင်း

ဘယ်လိုအသုံးချရလဲ၊ ဘယ်လို ရယူနိုင်လဲ၊ ဘယ်လောက် အသုံးဝင်လဲ  

အခမဲ့ရရှိနိုင်ပြီး၊ လွတ်လပ်လွယ်ကူစွာအသုံးပြုနိုင်သည့် Linux OS, Ubuntu Distro အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲအား

အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့အား  

ကိုယ်တိုင် Installation လုပ်ပုံလုပ်နည်း၊ Customization လုပ်နည်း

(Windows Software များ/ Game/Effect များထည့်သွင်းခြင်း)

လွယ်ကူစွာ အသုံးပြုနည်း အသုံးပြုရာတွင် ဖြစ်ပေါ်တတ်သည့် အခက်အခဲများ၊

စသည်တို့ကို သာမန်အသုံးပြုသူများ အဆင်ပြေစေနိုင်ရန်

Presentation များဖြင့် ဆွေးနွေးခြင်း၊ လက်တွေ့ရှင်းလင်းပြသခြင်းများဖြင့် 

BAK Shopping Center တွင်ပြုလုပ်သွားမည်ဖြစ်ပါသဖြင့်

မည်သူမဆို လာရောက်လေ့လာ ဆွေးနွေးနိုင်ပါကြောင်း 

(စိတ်ပါဝင်စားသူများအား Installation နှင့် Customization ပြုလုပ်ပုံအား

ပြသပေးပြီးကိုယ်တိုင် ဝင်ရောက် ပြုလုပ်နိုင်ပါမည်။) 

ပထမရက် (21-Nov စနေနေ့) တွင်

မနက်ပိုင်းအစီအစဉ်တွင်

ပုံမှန် ဆွေးနွေး ပြသမှုအပြင် 

Myanmar Linux Lab မှ ဆရာ

ပိတောက် Unicode ဖောင့် Creator www.thanlwinsoft.org

Keith Stribley မှ

လာရောက် ကူညီဆွေးနွေးပေးမည်ဖြစ်ပါသည်။ 
 

ဒုတိယရက် (22-Nov တနင်္ဂနွေနေ့) တွင် ပုံမှန်ဆွေးနွေးမှုအပြင် 

မြစေတီနှင့် ပိရပိုက် ယူနီကုဒ်ဖောင့် တီထွင်သူ

ကိုငွေထွန်းမှ Ubuntu တွင် Wikipedia Offline အသုံးပြုပုံကို

ပါဝင်ပြသပေးမည်ဖြစ်ပါသည်။

Wikipedia Offline DVD အခွေ 100 ခန့်ယူလာပြီး Distribute လုပ်မည်ဖြစ်ပါသည်။ 

၂၂ ရက်နေ့တွင် Web Designer

Htoo Tay Zar http://www.htootayzar.com မှ

Ubuntu မှ ရုပ်ပုံဖန်တီးမှုနှင့် တည်းဖြတ်မှုဆိုင်ရာ

(EULA License - Photosho နှင့် illustrator အစား အခမဲ့ OSS ဖြစ်သော Gimp နှင့် Inkscape)

ဆော့ဝဲများအား လက်တွေ့ အသုံးပြုပြသမည်ဖြစ်ပါသည်။ 

ပြပွဲရက်နှစ်ရက်လုံးတွင် 

Ubuntu ဆွေးနွေးပွဲများအပြီး လက်တွေ့လေ့ကျင့်နိုင်ရန် စက်များ ပြင်ဆင်ထားရှိပါမည်။

ကိုယ်တိုင် Installation ပြုလုပ်လိုသူများနှင့် ကိုယ်ပိုင် စက်အား Installation ပြုလုပ်လိုသူများ

လာရောက်စမ်းသပ်နိုင်ပါသည်။

Linux Document များအား အခမဲ့ မျှဝေနိုင်ရန် စီစဉ်ထားရှိပါမည်။

Linux Command Summary, How About Linux+Ubuntu, Software Installation 

ပြပွဲရက်အတွင်း Ubuntu OS Installer

Desktop / NotebookRemix / Studio (DVD),

Ubuntu Software installer + Theme,

အခွေများအား သက်သာသောဈေးနှုန်းဖြင့်

ရောင်းချပေးသွားမည်ဖြစ်ပါသည်။ 

မိမိစိတ်ကြိုက် ပန်းချီ ဓါတ်ပုံများဖြင့် Splash Theme (Windows အခေါ် Boot Skin) နှင့် Login Skin များရယူလိုပါက အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ကြိုတင်မှာကြားလိုပါက

မိမိစိတ်ကြိုက်ပုံနှင့်တကွ email သို့ပေးပို့မှာကြားနိုင်ပါသည်။ 

Saturngod iPhone iTouch ပေါ်တွင် မြန်မာဖောင့်နှင့်လက်ကွက် အသုံးပြုနိုင်မည့် နည်းပညာအား အခမဲ့မျှဝေပါမည်။

Myanmar Linux Lab မှ ပြပွဲရက်အတွင်း Discount ဖြင့် သင်တန်းအပ်လက်ခံမည်ဖြစ်ပါသည်။

Microsoft Office အစားထိုးသုံးနိုင်သော OpenOffice အား မြန်မာဘာသာ ဖြင့်ဖြန့်ဝေပေးသွားပါမည်။ (Unicode5.1 / Zawgyi)

English-မြန်မာ / မြန်မာ-English အသုံးပြုနိုင်သော wxPyDict Windows Dictionary (Unicode5.1 / Zawgyi)

Eng-Myan Ornagai Mobile Phone Dictionary (Java Application)

ASCII မှ Unicode သို့ပြောင်းသော Converter များ (Win- Font to Zawgyi or Unicode 5.1)

စသဖြင့် အခမဲ့ Software များစွာ မျှဝေသွားမည်ရာ မည်သူမဆိုကူးယူနိုင်မည် ဖြစ်ပါသည်။ 

Title: Ubuntu Free Show

Date: 21/22-11-2009 (Sat/Sun)

Time: 10:00 to 12:00 Am

2:00 to 4:00 Pm 

Location: BAK Shopping Center

Promotion Area

Olympic Tower, 1 floor

Corner of Bo Aung Kyaw Rd And Mahar Bandoola Rd.

Kyauktadar Tsp. Yangon 

ဖိတ်ကြားခြင်း  

ရေးသူကတော့ ဂျစ်ပဆီလေး

မင်္ဂလာပါ
ကျွန်တော်တို့ American Center Interfaith Club နှင့် Hindu Student
Association်တို့မှ စီစဉ်ကျင်းပသည့် Happy Deepawali Festival ကို
ကျင်းပမည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားသူများ မည်သူမဆို
တက်ရောက်နိုင်ပါသည်။

ရက်စွဲ...........20.10.2009
အချိန်...........ညနေ 4.30 ကနေ ည 7.00
နေရာ...........American Center(CBH)
လက်မှတ်.......တစ်ယောက် =1000 ကျပ်

လက်မှတ်များကို အမေရိကန် စင်တာ တွင်သာမက ကျွန်တော့်ထံတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။

ပွဲတွင် Bharanati, Deepawali Presentation, Dhandriya Dance, အစရှိသော
အစိအစဉ်များပါဝင်ပါမည်။
Snacks များလည်း ပါဝင်ပါမည်။

လေးစားစွာဖြင့်
ဂျစ်ပဆီလေး

ှုI am going to a trip.  

ရေးသူကတော့ ဂျစ်ပဆီလေး

Hello ............

I am going to a trip to North Shan State(Namtu). From 1 st July, I was facing many problems, loneliness, sorrow, and laziness. At that time, i am thinking about you and going to travel some place. Fortunately, my aunt called me to come to my native town. So i am very happy now. In my trip, my eldest uncle will accopany with me. I think that when i come back to YGN, I want to tell you some words. In this trip, i will try to think about one project.I will come with fresh mind and body. We are leaving in coming Friday 24.7.2009.

Ok Bye,
Wait for me, When i arrive, I will come to you first.

Bye Bye

Have a Nice Days

Gipsy

စိတ်ဓာတ်တွေကျသည်  

ရေးသူကတော့ ဂျစ်ပဆီလေး

အခု ကန်တော်ကြီး မှာ Organizer များ တွေ့ဆုံဖို့ ချိန်ထားတာ ပျက်သွားတယ်။
ဘယ်သူနဲ့မှမတွေ့လိုက်ရဘူး တော်တော်စိတ်မကောင်းဘူးဗျား
အခုတစ်လော ဘာနဲ့မှကို အဆင်မပြေဘူးဖြစ်နေတယ်

အလုပ် က နောက်သုံးလကြာမှ အင်တာဗျူးရှိတယ်။ ပြင်တော့် တော်တော် ပြင်ဆင်ထားပြီးပြီ။
သွားရုံပဲ။

မနက်က ညီမလေး ကိစ္စ တစ်ခုလိုက်လုပ်ပေးနေရတယ်။ အဲဒီနေရာက သုံးနာရီ ချိန်းတယ်။ ဒါပေမယ့် ကျွန်တော်သွားစရာရှိလို့ ဆိုပြီး 11 နာရီ မှာရအောင်စောင့်ယူတယ်။
အိမ်ပြန်လာတော့ 12 ထိုးနေပြီ နောက်ကျနေပြီဆိုတာနဲ့မနည်းပြေးရတယ် ကန်တော်ကြီးထဲကို ဒါပေမယ့်လည်း...........................


သွားရင်းနဲ့ ထီး ခလုတ်လေး ပျောက်သွားတယ်။ ဘယ်နားပျောက်သွားမှန်းမသိဘူး။ ထားလိုက်တော့ ဒီအတိုင်းပဲ...............

ဒီကနေ့ ကန်တော်ကြီးသွားရဖို့ကို

အိမ်နဲ့အတိုက်အခံလုပ်ရတယ်( သူတို့ခိုင်းတာကို မလုပ်ပေးလို့)
စာအုပ် အပ်ဖို့ရယ်၊ Interfaith Club တက်ဖို့ရယ် ကိုဖျက်လိုက်တယ်။

အော် ဒါပေမယ့်လည်း.....

ကျွန်တော့်အမှားလည်းတစ်ခုပါသွားတယ်။ မနက်က ထင်တယ် မေးဝင်စစ်လိုက်ရင်ကောင်းမှာပဲလို့.......ဒါပေမယ့်လည်း..........................




စိတ်ညစ်တယ်ဗျား။ ငိုလည်းငိုချင်တယ်။ ဘယ်လိုဖြစ်နေမှန်းကိုမသိတော့ဘူးဗျား

အလုပ် သွားလျှောက်မည်  

ရေးသူကတော့ ဂျစ်ပဆီလေး

လာမည့်တနလာင်္နေ့ ကျရင် ဦးလေးစီစဉ်တဲ့အတိုင်း အလုပ်သွားလျှောက်ဖြစ်ပါမည်။
ထို့ကြောင့် ကျွန်တော့်ဘလော့လာ ပရိသတ်များ အားလုံးဝိုင်းဆုတောင်းပေးကြပါရန် လေးစားစွာပြောကြားပါရစေဗျား။


Have a nice day !
Don't forget to visit
http://www.gipsy3.co.cc